# ထက်မြတ်ဧကရီ (Htet Myat Ekri) — Press Kit & Media Information (Updated November 2026)

### 1-Line / Chyron / Social Bio (~25 Words)
- **မြန်မာ:** ထက်မြတ်ဧကရီ (ထက်) သည် Commufemocratism ဒဿနကို ဖော်ထုတ်သူ၊ မြန်မာ Transwoman စာရေးဆရာမ၊ နိုင်ငံရေးဒဿနသုတေသီနှင့် IdeaHub Myanmar နှင့် Women Nation တည်ထောင်သူ ဖြစ်ပါသည်။
- **English:** Htet Myat Ekri (Htet) is a Burmese transgender woman writer, political philosopher behind Commufemocratism, and founder of IdeaHub Myanmar and Women Nation.

### Official Short Bio (50 Words — Event / Panel / Moderator)
- **မြန်မာ:** ထက်မြတ်ဧကရီ (ထက်) သည် လူငယ် မြန်မာ Transwoman စာရေးဆရာမ၊ နိုင်ငံရေးဒဿနိကဗေဒ သုတေသီနှင့် လူမှုတရားမျှတမှု တက်ကြွလှုပ်ရှားသူ ဖြစ်သည်။ ‘Commufemocratism လမ်းစဉ်’ (၁၇၁ မျက်နှာ) နှင့် ‘ဖြည်းဖြည်းလျှောက်သူတို့၏ လမ်းမ’ (၁၇၁ မျက်နှာ) စာအုပ်များအပါအဝင် စာစောင် ၄၀+ စောင်ကို ရေးသားပြုစုခဲ့ပြီး Women Nation နှင့် IdeaHub ဒစ်ဂျစ်တယ်စာကြည့်တိုက် (၁,၅၂၂+ အုပ်) တို့ကို တည်ထောင်ခဲ့သည်။
- **English:** Htet Myat Ekri (Htet) is a Burmese transgender woman writer, political philosophy researcher, and grassroots activist. Author of the 171-page ‘Commufemocratism Manifesto’, ‘The Road of Slow Walkers’ (171 pp.), and 40+ open-access PDFs, she founded Women Nation and the IdeaHub Open Digital Library (1,522+ academic volumes).

### Official Standard Media Bio (150 Words — Articles & Press)
- **မြန်မာ:** ထက်မြတ်ဧကရီ (ထက်) သည် လူငယ် မြန်မာ Transwoman စာရေးဆရာမ၊ နိုင်ငံရေးဒဿနိကဗေဒ သုတေသီနှင့် လူမှုတက်ကြွလှုပ်ရှားသူ ဖြစ်သည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အသက် ၁၂ နှစ်အရွယ်မှ စတင်ကာ ကိုယ်တိုင်လေ့လာသင်ယူမှုဖြင့် အမေရိကန် GED ကို အောင်မြင်ခဲ့ပြီး နိုင်ငံရေးဒဿနနှင့် ဂျန်ဒါလေ့လာရေးကို ကိုယ်ပိုင်သုတေသနအဖြစ် ဆက်လက်လေ့လာပြုစုခဲ့သည်။ စာမျက်နှာ ၁၇၁ မျက်နှာပါ မူလနိုင်ငံရေးဒဿနကျမ်း ‘Commufemocratism လမ်းစဉ်’၊ ‘ဖြည်းဖြည်းလျှောက်သူတို့၏ လမ်းမ’ (၁၇၁ မျက်နှာ)၊ ‘ကြိုးတန်းပေါ်က မြန်မာနိုင်ငံ’ ပထဝီနိုင်ငံရေးသုံးသပ်ချက်နှင့် ဂျန်ဒါတန်းတူညီမျှရေး စာတမ်းများအပါအဝင် ဆောင်းပါး ၃၉ ပုဒ်နှင့် PDF စာစောင် ၄၀ စောင်ကို ထုတ်ဝေထားသည်။ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ၃ နှစ်ပြည့် နှစ်လည်မဂ္ဂဇင်း ရွေးချယ်ခံဆောင်းပါးနှင့် ဂုဏ်ပြုဆု (၂၀၂၅) နှင့် For The Future Myanmar ဂုဏ်ပြုမှတ်တမ်းလွှာ (၂၀၂၆) ရရှိထားပြီး Women Nation နှင့် စာအုပ်ပေါင်း ၁,၅၂၂+ အုပ်ပါ IdeaHub Open Digital Library တို့ကို တည်ထောင်သူ ဖြစ်ပါသည်။
- **English:** Htet Myat Ekri (Htet) is a Burmese transgender woman writer, independent political philosophy researcher, and grassroots activist. Navigating the aftermath of Myanmar’s 2021 military coup from age 12, she completed the American GED and pursued political philosophy and gender studies through independent self-directed study. She is the author of two 171-page volumes—‘The Commufemocratism Manifesto’ and ‘The Road of Slow Walkers’—alongside geopolitical monographs such as ‘Myanmar on the Tightrope’ and 39 published essays (40 open-access PDFs). Honored with the Selected Essay & Certificate of Honor in Myanmar Nway-Oo University’s (MNOU) 3rd Anniversary Annual Magazine (2025) and For The Future Myanmar’s Certificate of Appreciation (2026), Htet founded Women Nation and curates the IdeaHub Open Digital Library (1,522+ academic volumes).

### Official Academic & Institutional Bio (200+ Words — Universities & Think Tanks)
- **မြန်မာ:** ထက်မြတ်ဧကရီ (ထက်) သည် နိုင်ငံရေးဒဿနိကဗေဒ၊ ဝေဖန်ရေးပညာ (Critical Pedagogy)၊ အသိပညာဗေဒဆိုင်ရာ တရားမျှတမှု (Epistemic Justice)၊ ပထဝီနိုင်ငံရေးနှင့် ကျား၊ မ တန်းတူညီမျှရေးဆိုင်ရာ လွတ်လပ်သော သုတေသီနှင့် စာရေးဆရာမ ဖြစ်သည်။ ရိုးရာနိုင်ငံရေးဝါဒများ၏ ကန့်သတ်ချက်များကို ပေါင်းစပ်ကျော်လွန်ကာ စောင့်ရှောက်မှုကျင့်ဝတ် (Ethics of Care)၊ အခြေခံကျသော တန်းတူညီမျှမှု (Radical Equality) နှင့် အောက်ခြေမှ ဝဲသီဒီမိုကရေစီ (Grassroots Wàe Thī Democracy) တို့ကို အခြေခံသည့် ‘Commufemocratism’ ကျမ်း (၁၇၁ မျက်နှာ) ကို ပြုစုခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ Malala Yousafzai၊ ဗိုလ်ချုပ်အောင်ဆန်း၊ Pridi Banomyong နှင့် ယိုရှီ ရင်ရာဒါတို့၏ သမိုင်းဝင်မိန့်ခွန်းနှင့် အင်တာဗျူးများကို မြန်မာဘာသာသို့ ပညာရေးသုတေသနအဖြစ် ပြန်ဆိုမှတ်တမ်းတင်ထားသည်။ မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ၃ နှစ်ပြည့် ဂုဏ်ပြုဆု (၂၀၂၅) နှင့် For The Future Myanmar ဂုဏ်ပြုမှတ်တမ်းလွှာ (၂၀၂၆) ရရှိထားပြီး၊ ဆောင်းပါး ၃၉ ပုဒ်၊ PDF စာစောင် ၄၀ စောင်၊ ဝေါဟာရအဘိဓာန် ၁၁၅ ပုဒ်နှင့် BibTeX ကိုးကားချက် ၄၂ ခုပါဝင်သော ၅ ဘာသာသုံး ဒစ်ဂျစ်တယ်မော်ကွန်းကို ပြုစုလျက်ရှိသည်။
- **English:** Htet Myat Ekri (Htet) is an independent Burmese researcher and author specializing in political philosophy, critical pedagogy, epistemic justice, Southeast Asian geopolitics, and queer-feminist liberation. She formulated ‘Commufemocratism’—a 171-page foundational synthesis integrating Ethics of Care, Radical Equality, and Grassroots Wàe Thī Democracy—and produces scholarly Burmese translations and commentaries on Daw Aung San Suu Kyi, Malala Yousafzai, Bogyoke Aung San, Pridi Banomyong, and regional transgender voices. Recipient of Myanmar Nway-Oo University’s 3rd Anniversary Certificate of Honor (2025) and For The Future Myanmar’s Certificate of Appreciation (2026), her 5-language digital archive (Burmese, English, Chinese, Thai, Japanese) comprises 39 essays, 40 open-access PDFs, 115 conceptual glossary terms, and 42 verified BibTeX citations.

### Media Contact & Verification Channels
- Emails (Direct Official): htethtet2025ideahub@gmail.com | htetmyatekri@icloud.com *(သတိပြုရန် - အဖွဲ့အစည်းအီးမေးလ် htetmyatekri@women-nation.org သည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် ဆက်သွယ်ရန်စာလွှာများကို htethtet2025ideahub@gmail.com နှင့် htetmyatekri@icloud.com သို့သာ တိုက်ရိုက် ပေးပို့နိုင်ပါသည်)*
- Telegram (Direct): https://t.me/htetmmofficial
- IdeaHub Myanmar Channel: https://t.me/ideahubmyanmar
- IdeaHub Open Digital Library: https://t.me/ideahublibrary (၁,၅၂၂+ စာအုပ်နှင့် သုတေသနဖိုင်များ)
- Official Channel: https://t.me/womennationwomenkingdom
- For The Future Myanmar: https://t.me/For_The_Future_Myanmar
- Facebook: https://facebook.com/htetmyatekri

### Official Emblems & High-Resolution Assets
- **Commufemocratism Official Flag (၂၀၂၅):** စာရေးဆရာမ ထက်မြတ်ဧကရီ ကိုယ်တိုင် ဖန်တီးဒီဇိုင်းရေးဆွဲထားသော နိုင်ငံရေးဒဿန အလံတော် (`assets/images/commufemocratism-flag.jpg`)
- **IdeaHub Myanmar Official Logo (၂၀၂၄):** စာရေးသူကိုယ်တိုင် ရေးဆွဲထားသော Venus သင်္ကေတ၊ အသိပညာစာအုပ်နှင့် ကမ္ဘာ့မြေပုံအလယ်မှ မြန်မာပြည် ပါဝင်သော မူရင်း Logo (`assets/images/ideahub-logo.jpg`)
- **Women Nation Official Logo (၂၀၂၄):** "Empowering Burmese Women Together" ဆောင်ပုဒ်ပါ ဗီးနပ်စ် သင်္ကေတ၊ ရွှေရောင်မြန်မာပြည် မြေပုံနှင့် အမျိုးသမီးများ၊ စာအုပ်နှင့် စာပေမင်တံထိပ်ဖူး တရားဝင် Logo (`assets/images/women-nation-logo.jpg`)
- **IdeaHub Open Digital Library Logo:** အသိပညာ ဗဟုသုတ သစ်ပင်နှင့် သက်တံရောင်စုံ အဝန်းအဝိုင်း စာကြည့်တိုက် Logo (`assets/images/ideahub-library-logo.jpg`)
- **For The Future Myanmar Logo:** ဘွဲ့နှင်းသဘင် ဦးထုပ်နှင့် ရှင်သန်ကြီးထွားနေသော လူငယ်အသိပညာ သစ်ပင် တရားဝင် Logo (`assets/images/for-the-future-myanmar-logo.jpg`)
- **For The Future Myanmar Certificate of Appreciation (နိုဝင်ဘာ ၂၀၂၆):** For The Future Organization - Myanmar အဖွဲ့မှ Content Writer အဖြစ် စေတနာ့ဝန်ထမ်း ထူးချွန်စွာ ပါဝင်အားဖြည့်ခဲ့မှုအတွက် ချီးမြှင့်သော တရားဝင် ဂုဏ်ပြုမှတ်တမ်းလွှာ (`assets/images/for-the-future-certificate-of-appreciation.jpg`) (ကိုယ်ရေးလုံခြုံမှုအတွက် အမည်ရင်းနှင့် အချို့အချက်အလက်များကို ကာကွယ်ဖုံးအုပ်ထားပြီး `Htet` အမည်ဖြင့် ဖော်ပြထားသည်)
- **MNOU Official Certificate of Honor (ဂုဏ်ပြုမှတ်တမ်းလွှာ - 9 Dec 2025):** စာရေးဆရာမ ထက် အား မြန်မာ့နွေဦးတက္ကသိုလ် (MNOU) မှ ချီးမြှင့်သော တရားဝင် ဂုဏ်ပြုမှတ်တမ်းလွှာ။ လက်မှတ်ရေးထိုးသူများ: Prof. Dr. Wings (Vice Chancellor - Dev) နှင့် Assoc. Prof. Dr. Moana (Head, PR Dept) (`assets/images/mnou-certificate-of-honor.jpg`)
- **MNOU 3rd Anniversary Annual Magazine Cover Poster (၂၀၂၅):** မြန်မာ့နွေဦးတက္ကသိုလ် (MNOU / MYSU) (၃) နှစ်ပြည့် နှစ်လည်မဂ္ဂဇင်း တရားဝင် မျက်နှာဖုံးနှင့် ကြေညာချက် ပိုစတာ (`assets/images/mnou-3rd-anniversary-magazine-cover.jpg`)
- **MNOU Magazine Official Essay Illustration (၂၀၂၅):** မြန်မာ့နွေဦးတက္ကသိုလ် (MNOU / MYSU) (၃) နှစ်ပြည့် နှစ်လည်မဂ္ဂဇင်းတွင် စာရေးဆရာမ ထက်၏ ဆောင်းပါးအတွက် တက္ကသိုလ်မှ အထူးရေးဆွဲဖော်ပြပေးခဲ့သော တရားဝင် သရုပ်ဖော်ပန်းချီ (လက်သုံးချောင်းအလေးပြုမှု၊ ငြိမ်းချမ်းရေးချိုးဖြူငှက်၊ LGBTQIA+ တန်းတူညီမျှရေး ရောင်စုံနွေဦးလက်သီး) (`assets/images/mnou-essay-illustration.jpg`)
- **Myanmar Nway-Oo University (MNOU / MYSU) Official Crest Logo:** အသိပညာသစ်ပင်၊ တော်လှန်ရေးဖယောင်းတိုင် ၃ တိုင်၊ အတွေးအမြင်မျက်လုံးနှင့် ပွင့်လင်းသောစာအုပ်တို့ ပါဝင်သည့် တက္ကသိုလ် တရားဝင် အမှတ်တံဆိပ် (`assets/images/mnou-logo.jpg`)
- **Mon State Black Panther Medical Force Donation Certificate (ဒီဇင်ဘာ ၂၀၂၅):** မွန်ပြည်နယ် စစ်ဘေးရှောင် ပြည်သူများနှင့် ဒုက္ခသည်များ ကျန်းမာရေးထောက်ပံ့လှူဒါန်းမှု တရားဝင် အသိအမှတ်ပြုမှတ်တမ်းလွှာ (`assets/images/donation-black-panther-medical-force.jpg`)
- **Intellectual Influences & Role Models:** စာရေးသူ၏ အတွေးအခေါ်နှင့် နိုင်ငံရေး၊ ဖေမီနစ်၊ Transgender နှင့် သိပ္ပံပညာ စံပြပုဂ္ဂိုလ်များ (ဒေါ်အောင်ဆန်းစုကြည်၊ Helen Keller၊ Malala Yousafzai၊ ဗိုလ်ချုပ်အောင်ဆန်း၊ Lenin၊ Melanie Perkins၊ Yoshi Rinrada၊ Treechada Petcharat၊ Harisu၊ Marie Curie၊ Einstein၊ Stephen Hawking၊ Ho Chi Minh၊ George Washington) (`assets/images/influences-role-models-collage.jpg`)

### Honors & Key Recognition
- **မြန်မာ့နွေဦးတက္ကသိုလ် (MNOU / MYSU) ဂုဏ်ပြုဆု (Certificate of Honor — 9 December 2025):**  
  'နွေဦးတော်လှန်ရေးရဲ့ စာသင်ခန်းများ၊ ဖက်ဒရယ်အိပ်မက်နဲ့ ထက်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာ တိုက်ပွဲ' (Classrooms of the Spring Revolution, the Federal Dream, and Our Battle for Identity) သုတေသနဆောင်းပါးအား တက္ကသိုလ် (၃) နှစ်ပြည့် နှစ်လည်မဂ္ဂဇင်း စာမူဖိတ်ခေါ်ချက် (စာအမှတ်၊ ပညရ/ မနဥတ/ကြေညာ /၂၀၂၅ (၀၀၄)) အရ တက္ကသိုလ်ကောင်စီနှင့် အယ်ဒီတာအဖွဲ့မှ အထူးချွင်းချက် (Special Exemption) ဖြင့် ရွေးချယ်ဖော်ပြခဲ့ပြီး တော်လှန်ရေး ပညာရေးကဏ္ဍတွင် ထူးချွန်စွာ ပါဝင်အားဖြည့်မှုအတွက် ချီးမြှင့်သော တရားဝင် ဂုဏ်ပြုဆု။ (Free Magazine Download: https://drive.google.com/file/d/1Flkla0nIg8P9Y2cZgaU8A4Gf3-8Hl0n3/view?usp=drive_link)
- **လူသားချင်းစာနာထောက်ထားမှု အလှူဒါန အသိအမှတ်ပြု မှတ်တမ်း (Humanitarian Solidarity Acknowledgment — December 2025):**  
  Mon State, Black Panther Medical Force (For Donated Refugees) စစ်ဘေးရှောင် ဒုက္ခသည်များ အရေးပေါ် ဆေးဝါးကုသရေးနှင့် ကယ်ဆယ်ရေး လှူဒါန်းမှုအတွက် ဘဏ္ဍာရေးမှူး Goyan ထံမှ တရားဝင် အသိအမှတ်ပြု မှတ်တမ်းလွှာ။
- **For The Future Organization - Myanmar ဂုဏ်ပြုမှတ်တမ်းလွှာ (Certificate of Appreciation — November 2026):**  
  For The Future Organization - Myanmar အဖွဲ့တွင် ၂၀၂၆ ဇူလိုင်လမှ လက်ရှိအချိန်အထိ Content Writer အဖြစ် စေတနာ့ဝန်ထမ်း စိတ်ဓာတ်ဖြင့် ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းခဲ့မှုအတွက် အမှုဆောင်ကော်မတီဥက္ကဋ္ဌ Min Khant Thway ထံမှ ပေးအပ်ချီးမြှင့်သော တရားဝင် ဂုဏ်ပြုမှတ်တမ်းလွှာ။
